Monday, April 8, 2013

အမျိုးသားတွေ နိုးကြားဖို့

 အမျိုးသားတွေ နိုးကြားဖို့
ငါတို့ရဲ့လက်တွေ
ငါတို့ရဲ့ ခြေထောက်တွေ
လှိုင်းတွေလို
 ကျောက်ဆောင်တွေကို  တိုက်စားမယ် ။
ငါတို့ရဲ့ လက်တွေ
ငါတို့ရဲ့ ခြေထောက်တွေ
ပန်းတွေလို 
လောကကြီးကို အလှဆင်မယ် ။
ငါတို့တွေရဲ့ လက်တွေ
ငါတို့တွေရဲ့ ခြေထောက်တွေ
ဆူးခင်းတဲ့ လမ်းတွေကို ဖြတ်
လမ်းတွေကို ပန်းခင်းမယ် ။
ငါတို့တွေရဲ့ လက်တွေ
ငါတို့တွေ့ရဲ့ ခြေထောက်တွေ
ပင်လယ်တွေကို ဖြတ်ကျော်မယ် 
တောင်တန်းတွေကို ဖြတ်သန်းမယ်
ပစ္စန္တရ အထိ 
တွဲလက်တွေ ညီစေ
ဆွဲလက်တွေလည်း ခိုင်မြဲကြပါစေ ....။


-