ဆူး ခဏခဏ ညိုမှ
မုန်တိုင်း ၀င်ကျမှ
သူများရဲ့ တံတွေးခွက်ထဲ လက်ပစ်ကူးရတော့မှ
မျက်ရည်သုတ်ပေးမယ့် လက် မရှိတော့မှ
ပြန်စရာ အိမ် မရှိတော့မှ
ဆိုင် ထမင်းဟင်း စားချိန်မှ
အမေ ..........အမေ.....အမေလို့
သား .....အော်ခေါ်နေမိတယ် ။
အမေရယ် သားလဲ မေတ္တာကို
အ၀ မခံစားလိုက်ရသလို
အမေကိုလဲ သား ကျေးဇူး မဆပ်လိုက်ရဘူး
ကြွေးဟောင်း ဆပ်ချင်သလို
မေတ္တာလဲ ငတ်မွတ်နေမိတယ် အမေရယ် ....။
ကိုဆေး{ ငါးမည်ရ }