Tuesday, January 22, 2013

အရာရာ

ပန်းတွေလည်း မပွင့်စေချင်တော့ဘူး
ပန်းအလှကို မြင်ရင် 
မင်းကို သတိရလွန်းလို့ ။
လေညှင်းလည်း မတိုက်ခတ်စေချင်တော့ဘူုး
လေပြေတွေနဲ့အတူ မင်းကိုယ်သင်းရနံ့တွေက
ငါ့ အာရုံတစ်ခုလုံးကို
စိုးမိုးထားခဲ့လွန်းလို့ ။
ညတွေလည်း မရှိစေချင်တော့ဘူး
ဒီအမှောင် တိတ်ဆိတ်မှုတွေထဲ
မင်းရဲ့အသံလေးက
ငါ့ ညတွေကို ဖမ်းစားထားလွန်းလို့ ။
အချစ်ရေ .....
မင်းနဲ့တွေ့မှ
ခန္ဒာအစဉ် စိတ်အစဉ်က
အရူးတစ်ယောက်ကိုမှ အသားကျွေးမိသလို
အရာရာတိုင်းဟာ မင်းမှမင်းဘဲ
ချုပ်ကိုင်ထားခဲ့ပြီ ။  ။
ကိုဆေး (ငါးမည်ရ)

Thursday, January 10, 2013

သွေးဗေဒင်

" AB "သွေးပိုင်ရှင်များ..
> အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့
စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...>> မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို
ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်
ဆိုတာကို လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်... ဒါကြောင့်မို့ပတ်ဝန်းကျင်ကလူတွေက
အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်...
ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီးလူမှုဆက်ဆံရေးလည်း
ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့်
အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့
ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့
လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး
လုပ်ငန်းခွင်မှာဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်... လူတစ်ယောက်နဲ့
တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ အတားအဆီး တစ်ခုကိုထားပြီးဆက်ဆံတတ်သူများလည်း
ဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်
လှတဲ့ အတွေများကြောင့်ဘဲ ဖြစ်ပါတယ်... ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့
အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်းလုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကို
လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်...အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ
တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို
တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို
စိတ်ပူနေတာကြောင့် ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့... အေဘီသွေးပိုင်ရှင်များက
ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို
သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားချေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်...
တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့
ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်...
သူငယ်ချင်းများအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်...
ရေးသူ -ဝတ်မှုံ မှ 

ကျားကွက်

ကျွန်တော့်အတွက်
အလွမ်းဆိုတာက
ကျောက်ချထားတဲ့
အသွားရှိပြီး အပြန် မရှိတဲ့တစ်လမ်းသွား ။
ကံကြမ္မာထိုးကျွေးတဲ့ အချစ်မှာ
ဝေးကွားခြင်းတွေသာ မြင်ရရင်
ကျွန်တော် ဘယ်စားပါ့မလဲ 
အခုတော့ 
ကျွန်တော့် အဖြစ်က
တစ်ကောင်ကျွေး
သုံးကောင်အရိုက်ခံရတဲ့ ကျားကွက်လို
တစ်ကွက်မှားတဲ့ ကျား
လမ်းတိုင်းက ရိရော်ခဲ့ရပေါ့ ။  ။
ကိုဆေး (ငါးမည်ရ )

Wednesday, January 2, 2013

ပုံစံမရှိတဲ့ ပြယုဂ်

ကုမုဒြာအတွက် လတစ်စက်
ပန်းချီအတွက် စုပ်ချပ်
ကဗျာဆရာအတွက် အတွေးရတက်
စမ်းရေ ဘယ်လောက် အေးအေး
ပန်းတွေ ဘယ်လောက် မွှေးမွှေး
ကျွန်တော့် အတွက်တော့
မွေးရပ်က အမေ့ရဲ့
မေတ္တာဓာတ်တွေလောက်
အေးမြမွှေးကြိုင်  မလန်းဆန်းခဲ့ဘူး ။  ။
ဆေးမြီးတို (ငါးမည်ရ)
ပြာသိုလ်လပြည့် အမေ့နေ့ (အမှတ်တရ )

စိမ်းရက်သူ


လမ်းဘေးပန်းပေမို့ 
အနမ်းမပေးဘူးဆိုရင်လည်း
နွမ်းလျနဲ့ လွမ်းတသသ
နေရဦးမှာပေါ့
လှမ်းမရဘူးဆိုတာ သိရဲ့
ဆွဲလှန်လို့ မရတဲ့ ဝေဒနာ
အသည်းနှစ်မွှာမှာ ရစ်ပတ်ထားသည်မို့
မခွဲခွါ  အတူနေချင်ငြားသော်လည်း
အဆွေးကမ္ဘာသာ
ထိန်ချန်ထားရက်လေတဲ့
အဝေးတစ်မြေက စိမ်းရက်သူရယ်။     ။
ကိုဆေး (ငါးမည်ရ )
မှတ်ချက် ။   ။ ကလောင်နာမည် ပြောင်းထားပါသည်


-