Wednesday, January 2, 2013

စိမ်းရက်သူ


လမ်းဘေးပန်းပေမို့ 
အနမ်းမပေးဘူးဆိုရင်လည်း
နွမ်းလျနဲ့ လွမ်းတသသ
နေရဦးမှာပေါ့
လှမ်းမရဘူးဆိုတာ သိရဲ့
ဆွဲလှန်လို့ မရတဲ့ ဝေဒနာ
အသည်းနှစ်မွှာမှာ ရစ်ပတ်ထားသည်မို့
မခွဲခွါ  အတူနေချင်ငြားသော်လည်း
အဆွေးကမ္ဘာသာ
ထိန်ချန်ထားရက်လေတဲ့
အဝေးတစ်မြေက စိမ်းရက်သူရယ်။     ။
ကိုဆေး (ငါးမည်ရ )
မှတ်ချက် ။   ။ ကလောင်နာမည် ပြောင်းထားပါသည်


No comments:

Post a Comment

-