Tuesday, December 25, 2012

ဒီဇင်ဘာ မင်းသ္မီး ......


မျက်ခင်းထက်မှာ
နှင်းစက်ပွင့်တွေ ကခုန်သွားတယ်
ဆောင်းရာသီ လက်တန်တို့ရဲ့ 
စေစားရာတိုင်းဟာ
မင်းရဲ့ အငွေ့သက်တွေနဲ့
ရနံ့ မကင်းခဲ့ဘူး 
နှုတ်ခမ်းထက်က
ဖူးပွင့်ခဲ့တဲ့ အနမ်းတွေ
မြူတွေအဖြစ် ပြောင်းလဲဖို့
ဘယ် နတ်ဘုရားတွေက ဖန်ဆင်းခဲ့လဲ
ညတာရှည် အိပ်မက် မများနိုင်တဲ့
ဖြစ်တည်မှုမှာ
ငါ့ ..နှလုံးသားလဲ သွေးအေးခဲ့ရပြီ ။။
ဆေးမြီးတို(ငါးမည်ရ)

No comments:

Post a Comment

-