Monday, December 24, 2012

မုန်တိုင်းနဲ့ ဓား



မင်းရဲ့ အပြုံးချိုချိုတွေ
စကားသံ လဲ့လဲ့တွေ
အကြည့်နက်နက်တွေက
မကြာခင် ....
ငါ့ ..ရင်ကို 
စုန်ကန်ဝင်လာတော့မယ် မုန်တိုင်းလို
ရေပြင်တစ်ခုလုံးကို
အချက်ပြနေတဲ့ မိုးသက်လေပြင်းတွေပါပဲ ...။
ဦးတည်ရာမဲ့ ပယ်လင်ကြီးထဲက
 ချစ်ခြင်းတရားတွေဟာ
အသတ်ခံရမှန်း သိရက်နဲ့ 
ပျော်မွေ့နေတဲ့  သတ်ကွင်းထဲက
သတ္တဝါလို
မုန်တိုင်းနဲ့ ခပ်ထက်ထက် ဓားချက်ကိုပဲ
မျှော်လင့်ငတ်မွတ်နေသူပါ ..။
ကဗျာလေးရေ ..... 
မင်းနဲ့ ဆုံခွင့်ပေးတဲ့ ကကြမ္မာကိုက 
ငါ့ကမ္ဘာကို ဂယက်လှုပ်စေခဲ့ပြီ .........။
   ဆေးမြီးတို (ငါးမည်ရ)

No comments:

Post a Comment

-