Tuesday, December 25, 2012

ပုံရိပ် မြို့တော်



ငါ မတောင်းဆိုခဲ့ပါဘူး
အချစ်က ကျွတ်လွတ်ပြီး
ဒီလို  အလွမ်းနဲ့ ခင်းကျင်းဖို့
ငါ့ ရင်မှာ 
အခုတော့ 
စိုးရိမ်ရေမှတ်ကျော်နေပြီ ...။   ။
ကြွေနေကျ လမ်းအတိုင်း
သတိရခြင်း စစ်သည်တော်တွေက
အလွမ်းတွေ တနင့်တစ်ပိုးနဲ့ 
မင်း ရှိမယ့် ဒေသကို ခရီးနှင်လို့
နှလုံးသား ကွန်ယက်မှာ 
မင်း ရုပ်ပုံလွှာကို စိုက်ထူလိုက်တယ်  ။   ။
ဆေးမြီးတို (ငါးမည်ရ)

No comments:

Post a Comment

-