ရက်စွဲမှားတဲ့ နေ့လို
အပြုံးတစ်ပွင့်ရဲ့ ကခုန်ရာ
မာယာမဲ့ ရပ်ဝန်းမှာ
ငါ့ ...နှလုံးသား အဖျားတက်ခဲ့ရဲပြီ ။။
တစ်ဖက်သတ် ဆိုတဲ့ စည်းဘေးက
ရှောက်နေရသူ အတွက်
မင်း အနား
ရောက်ခြင်းကောင်းခဲ့ပေမယ့်
အဖက်ဖက်က ရှုံး ...
လာခြင်း မကောင်းခဲ့လေသူပါ ။ ။
အဝေးရောက် ကဗျာလေးရေ ...
အစီရီ စိုက်ပျိုးထားတဲ့
အိပ်မက်တွေက
ကိုင်းမှားနားတဲ့ ဥသြလို
နွေအိုမှာပဲ တေးဆိုခဲ့ရတယ် ။ ။
ဆေးမြီးတို (ငါးမည်ရ)
No comments:
Post a Comment