1 * အဲဒီညကပေါ့
ရေစင်ပေါ်က
ငါ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ
ပရိတ်သတ်တွေ
ကောင်းကင်နဲ့ ပြည့်ခဲ့တယ် ။ ။
2* အဲဒီညကပေါ့
ငါ သီကြွေးတဲ့
ဆိုနေကျ သီချင်း
လမင်းက ကောင်းချီးပေးလို့
ကောင်းကင်မှာ တိမ်တွေ ရှင်းခဲ့တယ်။ ။
3* အဲဒီညကပေါ့
နှလုံးသားနဲ့ တေးသွားတွေ သီကြွေး
ရင်ထဲက အလွမ်းတွေ
မင်းအတွက် စတေးခဲ့တယ် ။ ။
မီးမီး (မန္တလာ)
No comments:
Post a Comment