Saturday, December 1, 2012

အလိုအပ်ဆုံး

မင်းနဲ့ ဝေးကွာခြင်းက
မရွာခင် အုံ့ဆိုင်းနေတဲ့
တိမ်တိုက်လို ...........။

မင်းကို သတိရခြင်းက
ဆောင်းအကုန် နွေအကူး
လေးရူးတွေကြောင့် ကြွေကျသွားတဲ့
ရော်ဝါရွက်လို ........။

နှစ်ကိုယ်တူ ထားရှိခဲ့တဲ့
သံယောဇဉ် ကြိုးက
ခလုပ်ပိတ်ပြီး အဖြတ်ခံရတဲ့
ဓာတ်အားတွေလို .......။

နောက်ဆုံး ...
မင်းရဲ့အပြုံးကို 
ဆုံးရှုံးလိုက်ရခြင်းက
ငါ့ရင်ကို ဓါးနဲ့ ထုတ်ချင်းပေါက် ထိုးသွားတာထက်
ခံရ ပို ခတ်စေသလို .....
လိုအပ်သမျှ အရာတွေထဲက 
မင်းဟာ ငါ့ရဲ့ အလိုအပ်ဆုံးပါ ။  ။
ဆေးမြီးတို (ငါးမည်ရ)
ဝန်ခံချက် ။      ။ဒီပို့စ်က youth လူငယ် မဂ်ဂဇင်း မှာ ဖော်ပြခံရဖူးပါသည်
vol ; 7 no ; 10 october 2012

No comments:

Post a Comment

-