အိုးမဖုတ်ခင် ၊ အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ်၊ တံဆိပ်မှတ်ကား
မပြတ်မဆဲ ၊ အိုးပင်ကွဲလည်း
အမြဲတစေ ၊တည်ရှိနေသို့ .....
ထွေထွေ သွေးသား ၊ ကလေးများနှိုက်
ဘုရားတံဆိပ် ၊ဘာသာ စိတ်ကို
ခပ်နှိပ်နိုင်မှ ၊ သက်ဆုံးကျအောင်
ဗုဒ္ဒဝါဒီ ၊စွဲရွေ့တည်မည်
ကိုယ်စီ ခပ်နှိပ်စေသတည်း ....။
No comments:
Post a Comment