သတိရပါတယ်...
ဟိုတစ်ချိန်က ချစ်သူရဲ့
ရယ်သံလေးတစ်ချို့ ........။
လွမ်းမိပါရဲ့
တစ်ခါတလေ ခိုးတွေ့ချိန်မှာ
နမ်းဖူးတဲ့ အနမ်းလေးတွေကို .......။
တမ်းတပါတယ်ဆိုမှ
ဖလန်းဖလန်းထပြီး
ရောက်ရောက်လာတဲ့
ချစ်သူရဲ့ စကားသံလေးတွေ ..........။
အခုတော့လေ ...
လွမ်းပြီးရင်း လွမ်းနေရလို့
လွမ်းဖို့တောင် မလွမ်းရဲတော့ဘူး
ရိုးသွားမှာ စိုးလို့ပါ.............။
ဟိုတစ်ချိန်က ချစ်သူရဲ့
ရယ်သံလေးတစ်ချို့ ........။
လွမ်းမိပါရဲ့
တစ်ခါတလေ ခိုးတွေ့ချိန်မှာ
နမ်းဖူးတဲ့ အနမ်းလေးတွေကို .......။
တမ်းတပါတယ်ဆိုမှ
ဖလန်းဖလန်းထပြီး
ရောက်ရောက်လာတဲ့
ချစ်သူရဲ့ စကားသံလေးတွေ ..........။
အခုတော့လေ ...
လွမ်းပြီးရင်း လွမ်းနေရလို့
လွမ်းဖို့တောင် မလွမ်းရဲတော့ဘူး
ရိုးသွားမှာ စိုးလို့ပါ.............။
ဆေးမြီးတို ( ငါးမည်ရ )
ဝန်ခံချက် ။ ။ဒီပို့စ် သည် ဖူးစာရှင်လေးဆိုဒ်သို့ တင်ပြဖူးပါသည် ။ ။
No comments:
Post a Comment