သွားတော့မယ်ဆိုရင်လဲ
ထားရစ်ခဲ့နိုင်ပါတယ်
ခွဲခွာခြင်းဆိုတာ
လောကရဲ့ ဓမ္မတာလမ်းစဉ်မို့
ရှင်လျက် မဟုတ်တောင်
သေလျက် တစ်နေ့ ခွဲရဦးမှာပဲလေ
သို့ပေမယ့်
သတိရခြင်းတွေနဲ့ ဝမ်းနည်းတတ်တဲ့အခါ
‘‘နင့်ကို ...... ’’ဆိုတဲ့ စိတ်ကို
ဥပေက္ခာပြုရင်း
ငါ့ရှင်သန်မှုမှာ
သတိရခြင်းတွေကို လျစ်လျူရှုရဦးမယ် ။ ။
မီးမီး (မန္တလာ)
No comments:
Post a Comment