Tuesday, December 4, 2012

ခရီးဖော်

သူ့ နာမည်လေး ရေရွတ်လိုက်ရုံနဲ့တင်
နွေမှာ အေးပြီး ဆောင်းမှာ နွေးထွေးတဲ့ ဘဝ
မကွယ် မဝှက်တမ်း
နှလုံးသားကို ဖွင့်ဖတ်ကြည့်ရင်
အခုမှ ရင်ခုန်ဘက်ချင်း ဆက်မိတာ 
သံယောဇဥင်္ချင်း အားပြိုင်တဲ့ ပွဲက
ဘယ်သူ့ဘယ်သူမှ အရှုံးမ၇ှိဘူး 
ရင်နှစ်ဖက်စလုံးမှာ 
ဖျက်မရတဲ့ အက္ခရာကို ရေးထိုး
အဲဒါ  အချစ်   ပေါ့
ကံကြမ္မာဆိုတာ
ကျွန်တော်တို့ လက်ဖဝါးမှာ ပွင့်မယ့်ပန်း
ချစ်ခြင်းဖြင့် ချည်နှောင်သော လက်တစ်စုံနဲ့ 
တစ်ယောက် လက် တစ်ယောက် တွဲ
သူနဲ့ကိုယ် နားလည်တဲ့ ဘာသာဗေဒနဲ့
နှစ်ဦးစလုံး အသံထွက် ရေရွတ်လိုက်တယ် 
ဘဝ လို့ ............ ။   ။

ဒွန်သီဟ (ငဖဲ)
ဝန်ခံချက် ။  ။   ဒီပိုစ်သည်   OCT  / Vol 7/ no .10/ 2012/ youth  maggazin မှာ ဖော်ပြ ခံရဖူးပါသည် ။   ။

No comments:

Post a Comment

-