ကြွေနေကျ လမ်းလေးပေါ် ပန်းတွေ ဝေလို့
ပျော်ရွှင်မှုတွေဟာ မျက်ရည်ထဲက စိမ့်ထွက်လာ
အမှန်တွေကို ပြန်ခြစ်ကြည့်တော့
အမှန်တရားက အမှားတရံအဖြစ်
ခေါင်းထောင် ထ လာတယ်
တဖြည်းဖြည်း သွားကြတဲ့ ခရီးမှာ
မြန်မြန်ကြီး ရောက်လာတဲ့ စိတ်များက
ဆင်ခြင်တုံ တရားကို (အမှား ) ကြတ်ခြေခတ် ခြစ်လို့
ဖော်ဖော်သီသီကြီးကို ဒုက္ခတရား အလကား ဝေရာ
ကတိစကားတွေ မဖြစ်မနေ ရောက်အောင် လာလို့
အဝေ မှားအောင်ကို စိတ်တွေက တွေဝေမိန်းမောလို့
ခြင်ထောင်ကို သပ်တင်လိုက်တဲ့
လေရဲ့ အကျီစယ်လွန် စကားမှာ
ဖိတ်စဉ်ကျလာတဲ့ အမြိုက်တရားတွေ
ကိုင်းမှာ နားနေတဲ့ ဖြစ်ပျက် တရားတွေ
ထိုင်နေရင်း ခြေချင်းလိမ်လို့
အိပ်ပြန်ချိန်လင့်မှ တစ်ရေးနိုးခဲ့တယ် ။ ။
လင်းသစ္စာဦး
ဝန်ခံချက် ။ ။ဒီပို့စ်သည် Vol 7 / no .10/ Oct 2012/ Youth maggazin မှာ ဖော်ပြခံရဖူးပါသည် ။ ။
No comments:
Post a Comment