ကျွန်တော်က
သူမ ဆေးစက်ကျရာတိုင်း
အရုပ်ထင်ရပေးရတဲ့ ပန်းချီကားတစ်ချပ်ပါ
တစ်ခါတရံ
သူမ စိတ်ညစ်တဲ့အခါ
မော်ဒန်ပန်းချီလည်း ဖြစ်ဖူးတယ် ။
တစ်ခါတရံ
သူမ ပျော်ရွှင်တဲ့အခါ
ကာတွန်းရုပ်လည်း ဖြစ်ဖူးတယ် ။
တစ်ခါတရံ
သူမ စိတ်ကြည်လင်တဲ့အခါ
လှပတဲ့ ဧဒင်ဥယျာဉ်လေးလည်း ဖြစ်ဖူးတယ် ။
သူမက
ကျွန်တော် မရှိလည်း ဖြစ်တဲ့ ဘဝ
ဒါပေမယ့် ကျွန်တော့်ကတော့
သူမ မရှိရင် ဘယ်လိုမှ နေလို့မရတဲ့ ဘဝ
ဆွဲချင်သလို ဆွဲ
ခြစ်ချင်သလို ခြစ်နိုင်တယ် ။
စိတ်တိုင်းမကျတဲ့ အခါ
ဖြဲချင်ရင် ဖြဲ
ပစ်ချင်ရင် ပစ်နိုင်ပါတယ် ။
တကယ်တော့ သူမအတွက်
ကျွန်တော်က
စိတ်ကူးပေါက်မှ ထဆွဲဖြစ်တဲ့
ပန်းချီးကားတစ်ချပ်ပါပဲ ။ ။
ကိုဆေး (ငါးမည်ရ )