Thursday, February 7, 2013

ရေသောက်မြစ်

သူမ မရှိမှ
သူမကို သတိရတဲ့စိတ်က
ရထားလမ်းလို နာတာရှည် လူနာတစ်ယောက်
အပြာရောင်နဲ့ မိုးထားတဲ့ကောင်းကင်လို
သူမစိတ်နဲ့ ကျွန်တော့်ခန္ဒာ
အရာရာတိုင်း ငြိမ်သက်ခမ်းနားစိုးမိုးနေခဲ့တယ်
ဖေဖော်ဝါရီရဲ့
နှင်းပွင့်တွေကြားမှာများ
သူမ အပြုံးတွေ ရောထားရော့သလား
ဝိုးတဝါး အေးချမ်းတည်ကြည်လို့
သေချာတယ်
ဒီလို အရှုးတစ်ယောက်လို
ဗရမ်းဗတာ ဆန်နေတာကိုက
သူမအပေါ် ထားတဲ့ သံယောဇဉ် 
အမြစ်ကုတ်အားကောင်းနေတုန်း ဆိုတာ ...........။

               ကိုဆေး (ငါးမည်ရ )

No comments:

Post a Comment

-