
လမင်းကြီးကိုလည်းချစ်တယ်
ချစ်သူကိုလည်းချစ်တယ်
ညတစ်ညရဲ့ကောင်းကင်ယံ
သံစဉ်ကလေညှင်း
လွမ်းသီချင်းကတိမ်ညိုကင်းတယ်
ကဗျာတစ်ပုဒ်ကိုအတူဆို
ရင်ခွင်မှာသူပျော်ရင်း
အခန်းကျဉ်းလဲအိပ်စက်နေ
ညဥ့်နက်မှာသော်တာမင်း
သူဟာလေအပြစ်ကင်းတယ်
လွမ်းတတ်အောင်သူပြော
ငေးမောရင်းကဗျာသင်
ချစ်သံစဉ်ရေလိုအေးတာပေါ့
တကယ်တော့
ခုညတွေမှာချစ်သူကိုသတိရ
တမ်းတမိတဲ့ သူ့ကို.....
ပျော်စရာလဲအဖော်ဝေး
လမင်းမှာလိုက်ရှာမိတော့
ဟိုတုန်းက သူ့မျက်နှာလို
ပြုံးတဲ့လမင်း
No comments:
Post a Comment