ခပ်တည်တည် နေထိုင်ခဲ့ပေမယ့်
နေသားမကျသေးတဲ့ အလွမ်းတွေက
ရင်ခွင်ရိုင်းထဲကို
အပူလှိုင်း ဖြတ်ရှောက်သွားသလိုပါပဲ
ဖြစ်သင့်တာထက် လုပ်သင့်တာကို
ဦးစားပေးရင်း
မင်းနဲ့ငါဟာလဲ
တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလို
ပြဒါးတစ်လမ်း သံတစ်လမ်း
...
နေသားမကျသေးတဲ့ အလွမ်းတွေက
ရင်ခွင်ရိုင်းထဲကို
အပူလှိုင်း ဖြတ်ရှောက်သွားသလိုပါပဲ
ဖြစ်သင့်တာထက် လုပ်သင့်တာကို
ဦးစားပေးရင်း
မင်းနဲ့ငါဟာလဲ
တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလို
ပြဒါးတစ်လမ်း သံတစ်လမ်း
...
ဥတုသုံးပါးဆေးနဲ့
အနာကျက်အောင် ကုစားပေမယ့်
အမာရွတ်ကို စမ်းမိတိုင်း
အတိတ်တွေက ထထ ဟောင်တယ်။
အတိတ်ကို အတိတ်တိုင်း မထားမိခဲ့လို့
သူနဲ့ ရှိခဲ့တဲ့ အချိန်တွေက
ငါ့အတွက်
ဒဏ်ရာ တစ်ခုလို
တွဲရှောက်ခဲ့ဖူးတဲ့ လမ်းတွေ
ထိုင်ဖူးခဲ့ နေရာလေးတွေက
အခုတော့ ...........
ဆူးခရားထက်က လမ်းတွေအလား
ငါ့ ရင်ကို စုတ်ထိုးနေခဲ့ပြီ .........။
အနာကျက်အောင် ကုစားပေမယ့်
အမာရွတ်ကို စမ်းမိတိုင်း
အတိတ်တွေက ထထ ဟောင်တယ်။
အတိတ်ကို အတိတ်တိုင်း မထားမိခဲ့လို့
သူနဲ့ ရှိခဲ့တဲ့ အချိန်တွေက
ငါ့အတွက်
ဒဏ်ရာ တစ်ခုလို
တွဲရှောက်ခဲ့ဖူးတဲ့ လမ်းတွေ
ထိုင်ဖူးခဲ့ နေရာလေးတွေက
အခုတော့ ...........
ဆူးခရားထက်က လမ်းတွေအလား
ငါ့ ရင်ကို စုတ်ထိုးနေခဲ့ပြီ .........။
No comments:
Post a Comment