ဝါကျတစ်ကြောင်းဖြစ်ဖို့
လူလားမမြောက်ခဲ့တဲ့ အတွေးတွေ
ခေါင်းထဲမှာ လမပြည့်ပဲ
ပျက်ကျခဲ့ရပြန်ပေါ့
စံပါယ်ပန်းတွေ သီထားတဲ့ ညမှာပဲ
မဟူရာ ဆံနွယ်တွေ
ဖွားလျားချပြီး ရောက်လာပြန်ပြီလား ...ကဝေပျို
ပိုးဆိုးပက်စက် ပြုစားခဲ့တဲ့ ညတွေနဲ့
ဒီ ညကိုလဲ ကျိန်စာတိုက်
ပြုစားဦးမလို့လား ?
ညဟာ အမှောင်သဲ့သဲ့
အမှောင်ကို အမူး သောက်ထားတဲ့ ည
အိပ်မပျော်သော ညဝယ်
ရင်ကို လှုပ်နိုးသော သူ့ အပြုံးများ
ဝေးသွားစေချင်
အလွမ်းသည် ကမ်းမတွေ့ရသော
ပင်လယ်သဖွယ်လို .........။
No comments:
Post a Comment