" အလှမ်းမဝေးပေါင် မန္တလေးတောင် ကျုံးမြို့ရိုးနဲ့ ရာဇဝင်ချည်နှောင် ဆရာတင် နန်းတော်ရှေ့က သီချင်းလေးရေးလို့ လာခဲ့ချင်အောင် ဆိုတဲ့ သီချင်းသံလေးကို မကြားရတာ ကြာပြီဖြစ်သလို ယနေ့ မရောက်တာကြာပြီ ဖြစ်သော မန္တလေးတောင်သို့ သူငယ်ချင်းတစ်ယောက်က သွားရအောင် လာခေါ်သည်နှင့် ရောက်ဖြစ်ခဲ့သည် ။ ဆိုင်ကယ်ကို တောင်ခြေဆိုင်ကယ် အပ်ရာ ဌာနမှာအပ်ခဲ့ပြီး ခြေလျင်တက်ခဲ့ကြသည် ခြေလျင်တက်ရင်း စကားလည်းပြောရင်း တက်ခဲ့လိုက်တာ တစ်ဝက်နီးပါးလောက်ရောက်တော့ မောလဲမော ညောင်းလဲညောင်းလာတာနဲ့ နားဖို့ရန် စောင်းတန်းခုံပေါ်သို့ တက်ထိုင်လိုက်သည်နှင့် ကျွန်တော့်တို့ထိုင်သည့် မျက်စောင်းထိုးနေရာလောက်တွင် စုံတွဲတစ်တွဲကိုထိုင်နေတာ မြင်လိုက်ရသည် မျက်လုံးများ မြင်လဲမြင်တတ်ပါရဲ့လိုတောင် တွေးမိပါရဲ့ မိန်းကလေးကလည်း ခပ်ငယ်ငယ်ချောချော ယောကျာင်္းလေးဖြစ်သူမှာလည်း လူရည်သန့်လေးပါ ကျွန်တော့်ညီ ညီမအရွယ် ကျောင်းသူကျောင်းသား တက္ကသိုလ် တက်သည့်အရွယ် ငယ်ငယ်ရွယ်လေးတွေပါ မြင်မကောင်းအောင်ပျော်ရွှင်ကြည်နူးကြည်စယ်နေကြတာ မြင်လိုက်တော့ ရင်ထဲနင့်သွားမိတယ်။ အရင်တုန်းက မန္တလေးတောင်ဆိုတာနဲ့ ယခု မြင်ကွင်းက ဆီနဲ့ရေလို ကွာခြားနေသည် " အသက်ကလေးရယ် ရှည်စေလို မန်းတောင်ရိပ်ခို '' ဆိုတာက ဒီလိုပါ ။ မန်းဆိုတော့ မ အက္ခရာ ကြာသပတေးနံ ဖြစ်ပါတယ် ကြာသပတေးနံသည် ကိန်းဂဏန်းအရ ၅ ဂဏန်း ဖြစ်ပါတယ်။ ထို ၅ ကိန်းဂဏန်းဆိုသည်မှာ ၅ ပါးသီလ ကို ဖော်ကြူး ခြင်း နိမိတ်ကို ပုံဖော်ပါတယ်။ တောင် - ဆိုတာက စနေနံ ၇ ကိန်းဂဏန်းကို ရပါတယ် ။ ၇ ကိန်းဂဏန်းကတော့ သဒ္ဒါ သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ပ ဆိုတဲ့ သူတော်ကောင်းတရား ၇ ပါးကို ကိုယ်စားပြု ခြင်း နိမိတ်ကို ဖော်ကြူးပါတယ်။ ရိပ်- ဆိုတာက ဗုဒ္ဒဟူး နံ ၄ကိန်းဂဏန်း ။ ထို ၄ ကိန်းဂဏန်းကတော့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ် တရား ၄ပါးကို ကိုယ်စားပြု ခြင်း နိမိတ်ကို ဖော်ကြူးပါတယ်။ ခို- ဆိုတာက တနလာင်္နံ ၂ကိန်းဂဏန်း . ထို ၂ကိန်းဂဏန်းကတော့ ဟိရီ သြတ္တပ္ပ ဆိုတဲ့ ရှက်ကြောက်ရမယ့် တရား ၂ပါးကို ရည်ညွှန်းပြီး ရှေးပညာရှိ ဆရာတော်ကြီးဖြစ်တဲ့ အဘိဓဇမဟာရဌဂုရု မဲဘောင်ဆရာတော်ဘုရား ဘဒ္ဒန္တ အိန္ဒြိယ က အခုလို ကဗျာလေးနဲ့ " အသက်ကလေးရယ် ရှည်စေလို မန်းတောင်ရိပ်ခို '' လို့ ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ အခု ဒီဘက်ခေတ် ကျွန်တော်မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့တော့ အရိပ်ခိုတာချင်း မတူတော့သလို ယဉ်ကျေးမှုထွန်းကားရာ ရှေးက မန္တလေးနဲ့ အခုခေတ် မန္တလေး သိပ်ကို ကွာခြားသွားခဲ့ပါပြီ ဒီဘက်ခေတ်မှာ IT ခေတ်ဆိုသည်နှင့် နည်းပညာပိုင်းဆိုင်ရာမှာ တိုးတက်လာသည်နှင့် အညီ အင်တာနက်ပေါ်တင်ထားတဲ့ ဟိုဘက်နိုင်ငံရဲ့ ဖက်ရှင်ဒီဇိုငးတွေကို အတုယူပြီး မိန်းကလေးများဟာလည်း ဘုရားသွားကျောင်းပြန်တာကအစ ဘောင်းဘီတို စကတ်အတို အကျီင်္ မလုံတလုံများနဲ့ ကျုံးဘေးပတ်ချာလည် နေရာအနံ့အပြားမှာ မကြည့်ချင်ပဲ မြင်နေရတာ မျက်စိရှက်စရာပါ။ ယောကျာင်္းလေးများဆိုရင်လျှင်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် ဆေးလိပ်လက်ကြားညှပ် ကွမ်းက တစ်မြုံမြုံ ဆိုင်ကယ်တစ်ဝီဝီနဲ့ စည်ဘီယာဆိုင်တော်တော်များများမှာ လူကြီးတွေထက် လူငယ်တွေက များလာတာ တွေ့ရတော့ အနာဂတ် ရင့်နင့်စရာပါ။ ခေတ်ဆိုတဲ့ ဝေါဟာရ ကိုတော့ မပြောလိုပါ။ အတုယူသင့် အတုမယူသင့်ဆိုတဲ့ ကိုယ်ပိုင် တွေးခေါ်မှု ပညာ ထွန်းကားလာပြီဆိုတာ ပြောစရာလိုမယ် မထင်ပါ။ ဘယ်သွားသွား ဘာလုပ်လုပ် ပြိုင်ဆိုင်ာကြတဲ့ ခေတ်ကြီးထဲမှာ လူငယ်များဟာ လူကြီးတွေရဲ့ အတ္တများရဲ့ စေခိုင်းရာ စက်ရုပ်တွေ ဖြစ်လာကြသလို " သက်ကြီးစကား သက်ငယ်ကြား '' ဆိုတာတွေ အုပ်ထိန်းသူတွေနဲ့ ဝေးလာတာနဲ့ အမျှ လူငယ်တွေက အတုမြင် အတတ်သင် ဆိုတာ ဖြစ်လာပါပြီ။ '' နတ္ထိ လောကေ အနိန္ဒိတော '' လောကထဲမှာ အကဲ့ရဲ့ မခံရသူ မရှိ ဆိုသလို လူတိုင်းဟာ အမှားနဲ့တော့ မကင်းနိုင်ပါဘူး သို့သော် ဖျက်မရတဲ့ အမှား ပြင်မရနိုင်တဲ့ အမှုမျိုးကိုတော့ မကျူးလွန်မဖို့ တာဝန်ရှိသည်ဟု ဆိုသည်ထက် အသိရှိဖို့ လိုအပ်သည်ဟု ထင်မိပါသည်။ ကိုယ် မသိပဲ လုပ်မိတဲ့ အမှားထက် သိရက်နဲ့ လုပ်မိတဲ့ အမှားက ပိုပြီး သိသင့်ပါတယ်။ အနာဂတ်မှာ ပြိုင်ဆိုင်ခြင်းနဲ့ လျှောက်လှမ်းဖို့ထက် လမ်းပြပေးနိုင်သူဖြစ်ဖို့ ကိုယ့် ဘာသာ သာသနာ ကိုယ့်ရွာ ကိုယ့်မြို့ ကိုယ့်ပြည်နယ် ကိုယ့်နိုင်ငံ အေးချမ်းသာယာတိုးတက်ဖို့ အရာရာမှာ အတ္တထက် ကိယ်ချင်းစာနာစိတ် ရှိဖို့ ကိုယ်ထင်မြင်ယူဆချက်ထက် နားလည်မှုရှိဖို့က ပိုပြီး အရေးကြီးသလို ဦးဆောင် သူ အတုယူသူက အရိပ်ကိုလဲ နား အကိုင်းကိုလည်း ချိုး ဆိုတာမျိုး မဖြစ်ရအောင် ကိုယ်မှာ ကိုင်ထားတဲ့ အတ္တဆေးတံလေးနဲ့ လောကကြီးကို အလှမဆင်ပဲ ပရဟိတ ဆေးတံလေးနဲ့ပဲ ကိုယ့်နိုင်ငံ ကိုယ်ယဉ်ကျေးမှု လောကကြီးကို ဆေးရောင်ခြယ်လိုက်မယ်ဆိုရင် လကို ဖုံးနေတဲ့ တိမ်တိုက်တွေကို ဖယ်ရှားလိုက်သလို လမင်းကြီးဆီက အေးမြပြီးသာယာတဲ အလင်းရောင် ရမှာ သေချာပါတယ်လို့ ပြောရင်းဖြင့် ကိုယ်လုပ်သည့် လုပ်ရပ် မှားသည်လား ? မှန်သည်လား ? ဆိုတာကို တွေးပြီး လုပ်ရမယ် တာဝန်တွေ လုပ်ကြမယ်ဆိုရင် .............
ဆေးမြီးတို (ငါးမည်ရ) အတွေးအမြင် ရသစာတန်း
No comments:
Post a Comment