Monday, November 12, 2012

သက်တမ်းစေ့

ငါဆိုတဲ့ကောင်က
မင်း ဘရိတ်အုပ်တိုင်း ရပ်တန့်ခဲ့ရတဲ့ ကား
မင်း လိုရာကို မောင်းနိုင်တယ်
မင်း ခေါ်ရာကို လိုက်လို့
နောက်ပြောင် စိတ်ဆိုး 
ပျော်ရွှင် ကြည်နူးမှုတွေနဲ့ 
ရာသီလိုက်  အရောင်ပြောင်းတတ်တဲ့
အလှတရားတွေကြားမှာ
တစ်စိုက်မက်မက် ရူရှိုက်မိခဲ့တယ်။
အတိတ်ကို ပြန်ဖတ်မိတဲ့ ဇာတ်လမ်း
လေး, နှစ်ဆိုတဲ့ 
တို့နှစ်ယောက်ရဲ့ သက်တမ်းမှာ
အစတော့
တွေ့နေကျ  နေရာလေးရဲ့ 
အထူးဧည်သည်က  အချစ်
အချိန်တွေက တောင်ကျရေလို  မြန်ဆန်ခဲ့တယ်။
အခုတော့
ဖောဖောသီသီ ရွာချခဲ့တဲ့ ကံကြမ္မာဆိုးမှာ 
တို့နှစ်ယောက်ကို  တိတ်ဆိတ်မှုတွေနဲ့
တွေ့နေကျ နေရာလေးက 
အထူးဧည်သည်ဟာ အလွမ်း
မိုးကျအိုင်လို ဗွှတ်ထစေခဲ့ပြီ ။       ။

No comments:

Post a Comment

-