Thursday, November 8, 2012

အပြီးတိုင်







အစဉ်အလာဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ

မင်းရဲ့ အချစ်တွေ မြှပ်နှံထားလိုက်ပြီလား

ငါဟာ မင်းအတွက် ဆက်မတွေချင်လောက်အောင်

နာကျဉ်း သိမ်ငယ် (ဒါမှမဟုတ် )

...

ကြီးမြတ်လွန်းနေသလား ?

အချစ်ဆိုတာလည်း ကြီးမြတ်ခြင်းတစ်ခုပဲလေ

ကလေးတွေ မဟုတ်တော့လို့ ခံစားချက်တွေက

လူကြီးဆန်နေတာပါ .................

ငါမျှော်လင့်ခဲ့သမျှ တယုတယ

သိမ်းဆည်းထားသမျှ မင်း အသံလေး

အခုတော့.....

တစ်သံသရာစာ ဝေးရမယ်ထင်ပါရဲ့

အဝေးဆုံးတွေနဲ့ ချည်း ဘဝကို

ဖြတ်သန်းလာခဲ့ရသူမို့ အဝေးဟာ

မဆန်းပေမယ့် မင်းကို လွပ်လပ်စွာ

မလွမ်းရတာ ရင်မှာ နာကျင်လျှက်..........

ကြယ်တွေ စုံတဲ့ ညမှာ

ညတွေကို နောက်ပြန်ရေရင်း

လေပြေလေညှုင်းမှာ မင်းကိုယ်သင်းရနံ့လေး ရလာ

ရလာ သယောင်ယောင်

ညနဲ့ အလွမ်းဟာ ထပ်တူကျနေတဲ့ အမှောင်ပေါ့

တစ်ယောက်တည်း ဆိုပေမယ့်

ကိုယ့်အပေါ် စီးဝင်နေတဲ့ မင်း အပြုံးတွေ

ပြန်ခေါ်လိုက်တိုင်း ရောက်ရောက်လာတဲ့

မင်း စကားသံတွေ..............

မင်းနဲ့ ပတ်သမျှအရာ အားလုံး

ဘယ်လို နိဂုံးမျိုးနဲ့မှ

အဆုံးသတ်မရ........။

အို.......တဲ့ ငါ့ကို ပြုစားနေတဲ့ ကဝေပျို

ညထဲကို ဝင်ခဲ့ပါ

မရှိခြင်းတွေ ခမ်းနားထည်ဝါတဲ့

ငါ့ကမ္ဘာထဲကို ဝင်ခဲ့ပါ

ပြီးတော့ ...ပြန်ထွက်သွားပါ

ငါတက်နိုင်တာဆိုလို့

အဲဒီ ခွင်လွှတ်နားလည်ခြင်းသာ ရှိရဲ့

မင်း မလိုအပ်တာတွေပဲ ပေးချင်တဲ့ ဒီ ငမိုက်သား

မင်းထားခဲ့တာ အမှန်ဆုံးပါ.........။

No comments:

Post a Comment

-