အကျဉ်းတန်းတဲ့ သန်းခေါင်ယံဟာ
လင်းလက်သွားတဲ့ အပြုံးတစ်ပွင့်ကြောင့်
ငါ နိုးထခဲ့တယ်
...... အပြုံးပိုင်ရှင်မလေးရေ ......
မင်းရဲ့ အပြုံးနောက်ကွယ်မှာ
ကျောက်ဆောင်လို
မာယာတွေ ရှိနေမလား
ကမ်းလက်မရှိတဲ့ အမှောင်လမ်း
နောက်ထပ်တစ်ကြိမ်
လျှောက်ရဦးမလား
သံသယတွေနဲ့
ငါ့ ဘဝ ရှင်သန်ဖို့
..... လှမ်းခဲ့တော့မယ် .....။
လွမ်းဝေ (ရွှေတူး)
No comments:
Post a Comment