'' သေဆုံးသွားသော ဖုန်းတစ်လုံး "
အဲဒီ သတင်းက
လူတစ်ယောက်ရဲ့
မက်လက်စ အိပ်မက်တွေကို သတ်လိုက်တယ်။
အဲဒီ သတင်းက
လူတစ်ယောက်ကို
အသူတစ်ရာချောက်ထဲ တွန်းပို့လိုက်တယ်။
အဲဒီ သတင်းက
လူတစ်ယောက်ကို
နေနဲ့ည လွဲသွားစေတယ်။
အဲဒီ သတင်းက
လူတစ်ယောက်ကို
အရက်မူးအောင် တိုက်လိုက်တယ်။
အဲဒီ သတင်းက
လူတစ်ယောက်ကို
မချစ်ရဲအောင် သင်ပေးလိုက်တယ်။
အဲဒီ သတင်းက
လူတစ်ယောက်ကို
ဖုန်းမဆက်ရဲအောင် သင်ပေးလိုက်တယ်။
နောက်ဆုံး ..........
အဲဒီ သတင်းက
ဖုန်းကလေးကို အပြီးအပိုင်
သတ်လိုက်တယ်
သူမ " လက်ထပ်လိုက်ပြီ " တဲ့ ။

No comments:
Post a Comment