Tuesday, November 27, 2012

ရင်ခွင်ဟောင်း

စက္ကန့်သံတွေ ဖိတ်စင်ကျလို့
အလွမ်းတွေ  အုံပြနေတဲ့
ဟေမာန်ညချမ်းလေးဟာ
ရင်ဘတ်ထဲထိ ကိုက်ခဲနေတယ်
အဆက်မပြတ် ခုတ်မောင်းနေတဲ့ကြားက
ရပ်တန့်သွားတဲ့ ရင်ခုန်သံ အချို့
တစ်စ တစ်စ သွေးပျက်ခဲ့တဲ့
ဒီလို ညချမ်း
ဒီလို ရာသီခွင်ရောက်တိုင်း
အစိမ်းလိုက် ပဲ့ကြွေသွားတဲ့
ငါတို့ရဲ့ ချစ်ခြင်းတွေ
မြောက်ပြန်လေနဲ့အတူ ရွက်လွင့်သွားခဲ့လေသလား
အိပ်မက်တွေထဲကတော့
နိုးထခွင့် ပြုပါ
အလွမ်းနဲ့ စောင့်နေဆဲ စောင့်နေခဲ့တဲ့
ငါ့ ရင်ခွင်အိုထဲ
ဒီဆောင်းနဲ့အတူ ပြန်လာခဲ့ပါ .....။

ဆေးမြီးတို (ငါးမည်ရ)

No comments:

Post a Comment

-