Tuesday, November 27, 2012

စေလိုရာ စေ

လူတိုင်းကြိုက်တဲ့ အရာကို 
မက်မောသူ မဟုတ်ပေမယ့်
ရွှေအိုရောင် သံယောဇဉ်ကိုတော့ 
တွယ်တာခဲ့ဖူးပါတယ်
ထင်ရာမြင်ရာတွေ
အားလုံးရဲ့ နောက်ကွယ်
အဖြေတစ်ခုက
တုန်ရီစွာ ကြားနေရတဲ့ သံစဉ်ဟောင်း
ရွှေအိုရောင် သံယောဇဉ်လို့ 
ထင်ခဲ့ပေမယ့်
အညိုရောင်တွေ ဖြန့်ကျဲထားတဲ့
ရေမရောသော အလွမ်းတွေ
ညစဉ်ရက်စက် စားသုံးဖို့ 
ပဉ္စလက်ဆန်ဆန် နာရီအိုကြီးက 
လက်ကမ်းခေါ်ရာ 
ကိုယ်မငြင်းပဲ လိုက်လာ
သူစေလိုရာ စေ
ခြွေလိုက ခြွေ
ကိုယ် ....ကျေနပ်ပါတယ်။ 

ဆေးမြီးတို (ငါးမည်ရ)

No comments:

Post a Comment

-