အရင်လို
သေသပ်မလှပနိုင်တော့တဲ့
ငါ့ပန်းခြံလေးက
ဥယျာဉ်မှူးလေး မရှိတော့ပေမယ့်
သူ့ရဲ့ အငွေ့သက်တွေနဲ့
စိမ်းလန်းမြဲတိုင်း စိမ်းလန်းလို့
နောက်တစ်ယောက် မငှားနိုင်တော့တဲ့အထိ .....
စိုက်ပျိုးသူ မရှိတဲ့ နောက်ပိုင်း
အလေ့ကျ ပေါက် မျိုးစေ့တွေနဲ့
ကျေးငှက်တွေ တေးမသာတော့ဘူး
အတိတ်တိုင်း မလှပတော့တဲ့
ဒီ တောလေးအတွက်တော့
အရင်လို
စနစ်တကျ
ပေါင်းသင် ရေလောင်း စိုက်ပျိုးပေးတတ်တဲ့
ဥယျာဉ်မှူးလေးကို
စောင့်စားမျှော်လင့်လင့်နေမိတယ်
No comments:
Post a Comment