လူပြည်လောက လူ့ဘဝကား
အိုရ နာရ သေရဦးမယ် မှန်ပေသည်တည်း
သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏အမျိုးသား စာစကားလည်း
ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏
သင်ဦးချရွေ့ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။
(ဆရာကြီး ဇော်ဂျီ )
No comments:
Post a Comment