Tuesday, November 27, 2012

အဖြည့်ခံ

ထားခဲ့လိုက်ပါ 
အစကတည်းက 
ငါ့ရဲ့ နှင်းဆီဟာ ရယူခြင်း မရှိပဲ
မင်းအပေါ် ဝေခဲ့တာပါ
ဥသြတွန်လို့ လွမ်းရမှန်း မသိတဲ့ ငါ
အခုတော့ ......
လွမ်းတတ်နေပြီ
မင်းရဲ့ ပျော်ရွှင်မှုအတွက်
အချစ်ကို လည်ဆင်းပြီး ကပြခဲ့တာ 
အလိုမရှိလို့
အလွမ်းတွေသာ အဖော်လုပ်ပြီး
ကျန်ခဲ့တာလဲ ငါပါပဲ
‘မေ့လိုက်ပါ ’ဆိုတဲ့
စကားတစ်ခွန်းနဲ့
ငါ့ ဘဝကို 
အမှောင်ကျစေခဲ့တယ် ဆိုတာ
မင်း ... သိပါ့မလား
ငါ့    အဖြစ်က
ကိုယ်ရေးတဲ့ ကံကြမ္မာကို
မင်းရှေ့မှာ ဖတ်ခွင့် မရခဲ့သူပါ
မျှော်လင့်သေးတယ်ဆိုရင်
ဝေဒနာတွေနဲ့ နောက်တစ်ခါလောက်
ကပြချင်မိသေးတယ် ...။

လွမ်းဝေ (ရွှေတူး )

No comments:

Post a Comment

-