ငါ .... မနမ်းခဲ့ဘူး
အဆိပ်ရှိမှန်း သိခဲ့ရင်
... အခုတော့ ...
ငါ့ နှလုံးသား အဆိပ်သင့်ခဲ့ရပြီ
..... မင်းရဲ့ .....
တစ်ဖက်ကမ်းခတ်တဲ့
ဝင်္ကပါထဲ
ကျရောက်ခဲ့ပြီးမှ
လမ်းပြကြယ် အဖြစ်နဲ့လည်း
ငါ မကိုးကွယ်လိုဘူး
တစ်ခုတော့ ပြောလိုက်မယ်
မင်းသာ ....... အဆိပ်မဲ့ပြီး
အကြွေမစောပါစေနဲ့ ။
လွမ်းဝေ (ရွှေတူး )

No comments:
Post a Comment